နှလုံးသားမြို့တော်

Sunday, February 24, 2013

Snare ရဲ့ သီချင်းက မြန်မာကား ကြည့်နေသလို ခံစားမှုမျိုး ရစေမယ်

Snare Myanmar Rapper,Myanmar Hip Hop Artist

Q. ဘကြီးဖြိုးနဲ့ ဦးနေ၀င်းက Snare ရဲ့ ဒုတိယခွေနော်။ ဘာကြောင့် စီးရီးနာမည်ကို ဘကြီးဖြိုး နဲ့ ဦးနေ၀င်းလို့ ပေးတာလဲ။
A. ဟုတ်ကဲ့ပါ “မ”။ အဓိက ကတော့ မိုက်လို့ပါ။ ဒီနာမည် ရလာတာက ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် နောက်ရင်း ပြောင်ရင်းနဲ့ ရလာတာပါ။ နောက်ရင်းနဲ့ Facebook မှာ ကျွန် တော်တို့ Nickname တွေက ဒီနာမည် ဖြစ်လာတယ်။ နောက်ဆုံး သီချင်း ဖြစ်လာတယ်။ သီချင်းဖြစ်လာ ရင်းကနေပဲ နောက်ဆုံး စီးရီးခေါင်း စဉ်ဖြစ်သွားတဲ့အထိပါပဲ။
Q. Facebook ပုံမှန် သုံးဖြစ်လား။ အဲဒီမှာ အဆင်မပြေတဲ့ Comment တွေ တွေ့ရင် ဘယ်လို ခံစားရလဲ။
A. Facebook သုံးပေမယ့် ကျွန်တော် Chatting မ၀င်ဘူး။ ကျွန်တော် အနုပညာနဲ့ ပတ်သက်တဲ့၊ သိသင့်တဲ့ Site လေးတွေ ရှာတယ်။ နိုင်ငံခြား အဆိုတော်တွေရဲ့ Site တွေ ကြည့်တယ်။ ပြီးတော့ ပရိသတ်နဲ့ ကျွန်တော်တို့ Facebook မှာ တိုက်ရိုက် ထိတွေ့ရတဲ့ နေရာ ဖြစ်တယ်။ လူချင်း မတွေ့ရပေမယ့် ရင်းနှီးကြတယ်။ ခံစားရတာတော့ ခံစားရတာပေါ့။ Fan Page ပေါ်မှာလာပြီး ပြောတယ်ဆိုတော့ ဒါက မကောင်းဘူးပေါ့။ ကိုယ့်ကို ကြိုက်တဲ့လူ သောင်းနဲ့ချီ ရှိနေတဲ့ အထဲမှာ ဒီ တစ်ယောက်က လာမိုက်နေတယ်ဆို တော့ အားလုံးက ကြိုက်တယ်လို့ ပြောနေတဲ့အချိန်မှာ သူ့ကို ကြည့်မိအောင် သူက ကြိုက်ရဲ့သားနဲ့ မကြိုက်ချင် ယောင်ဆောင်ရတယ်။ သူ့ကိုယ်သူလိမ်တယ်လို့ပဲ သုံးသပ် မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် Fan Page မှာဝင်ပြီး Comment ရေးမယ်ဆို ကျွန်တော့်ကို Like လုပ်ပြီးမှ ရေးရမှာဗျ။ ကျွန်တော်က သာတယ်။
Q. ဘကြီးဖြိုးနဲ့ ဦးနေ၀င်းထဲ က သီချင်းပုံစံတွေက..
A. ဒီထဲမှာပါတဲ့သီချင်းတွေ က ကျွန်တော်တို့အကြောင်းပါ တယ်။ ငယ်ငယ်တုန်းက တက်ခဲ့ဖူးတဲ့ ကျောင်းရဲ့ အကြောင်းပါတယ်။ ဖိုက်တာ အကြောင်းတွေ ပါတယ်။ ဘန်နီ ဖြိုးနဲ့ သီချင်းလေး ဆိုရင် မြန်မာကား တွေမှာ ပါနေကျ ပုံစံလေ။ လူဆိုးတွေ အများကြီးက ကောင်မလေး တစ်ယောက်ကို ၀ိုင်းနေတဲ့ အချိန် မင်းသား ရောက်လာပြီး ကောင်မလေးကို လွှတ်လိုက် ဆိုပြီး လူဆိုး ဘယ်လောက် များများ ချတာ နိုင်သွားတဲ့ ပုံစံမျိုးပါတယ်။ အများကြီးပဲဗျ။
Q. နေ၀င်းရဲ့ဘ၀မှာရော အဲဒီလို မင်းသား လုပ်ခဲ့ဖူးလား။
A. မရှိပါဘူးဗျာ။ ငယ်ငယ် တုန်းက ရန်ဖြစ်ခဲ့ဖူးတာပေါ့။ အခု တော့ အေးဆေးပါပဲ။ အဲဒီသီချင်း ကိုနားထောင်ရင် မြန်မာကားကို ကြည့်နေရတဲ့အတိုင်း ခံစားစေရ မယ်။
Q. မြန်မာကားကို သရော် ထားတာလား။
A. မဟုတ်ပါဘူး။ နားလည် လွယ်အောင်ပြောတာပါ။
Q. နာမည်ကြီး ထမင်းငတ်ကရော ကိုယ့်ဘ၀ကိုယ် တင်ဆက်ထား တာလား။
A. အဓိက ကျွန်တော်တို့က Free Show တွေ အရမ်းများတယ်ဗျ။ ကျွန်တော်တို့ရဲ့ရပ်တည်မှုဘာမှ မရှိဘူး။ ကျွန်တော်တို့ရဲ့အနုပညာ ကို ကျွန်တော်တို့ အခွေထဲမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါ တယ်။ ခုနောက်ပိုင်း Free Show တွေအများကြီး မဆိုတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆိုမယ်ဆိုရင်လည်း သေချာ အစီအစဉ် လုပ်ပြီးမှပဲ ဆိုဖို့ စဉ်းစားတော့မယ်။ အနုပညာကြေး ယူပြီး ဆိုမယ်။ လိုအပ်တဲ့ နေရာတွေ ကို ကိုယ်တိုင် လှူမယ်။ နာမည်ကြီး ထမင်းငတ်ကို ဖန်တီးဖြစ်တာက တ ချို့ သူငယ်ချင်းတွေဆို ကျွန်တော်တို့ ကို သာယာနေတယ် ထင်တယ်။ ကျွန်တော်တို့ သီချင်းတွေ အတွက် ရုန်းကန် နေရတုန်းပါပဲ။ ကျွန်တော် တို့ကို တစ်ခါတလေ အလကား ကြိတ်တာ များတဲ့ လူတွေရှိတယ်ဗျ။ အဲဒီ လူတွေကို ကျွန်တော်တို့က နည်းနည်း ဟန့်သွားအောင် တားတဲ့ သ ဘောပါပဲ။
Q. သီချင်းဆိုချင်လို့ အဆိုတော် လုပ်တယ်ဆိုပေမယ့် ခုလို Show တွေ ဆက်တိုက် ဆိုလာခြင်းက အဆိုအတွက် ထိခိုက်မှုရှိလား။
A. ကျွန်တော့်အမြင်တော့ နည်းနည်းတော့ ရိုးသွားမယ် ထင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော် Show တွေအများကြီး မဆိုချင်ဘူး ပြောတာပါ။
Q. နောက်ပိုင်း Show ဆိုမယ်ဆို ဘာကို အဓိကထားပြီး လက် ခံဖြစ်မလဲ။
A. Show ကို နားပြီးဆိုမယ်။ အခု လောလောဆယ် ရန်ကုန်မှာ Bo Bo Entertainment ကလုပ် တဲ့ ပွဲတွေကိုပဲ ဆိုဖို့ ဆုံးဖြတ်ထားတယ်။

@8Days News

Download ဘကြီးဖြိုးနဲ့ဦးနေဝင်း-Snare {Album} 

No comments:

Post a Comment